Tuesday, August 11, 2009

ကမ်းဆင့်နှစ်များ(ဒေါင်းနီ)

ကမ်းဆင့်နှစ်များ


လေနစ်သစ်ပင်မင်းမူသော တောခြောက်
ကြွေကြအိပ်မက်ပွင့်များ
ပြန့် ကျဲကျိုးပဲ့ ဝေနေ --။
အနာဂတ်တောင်ပံတွေ နှောင်ချုပ်ခံရ
ပုတ်သိုး မဲမှောင်ကာလသာ
အုံ့ ကြွ ဝေဆာ သိမ်ငယ်နေ ---။
ဖုံးဖျောက်မရတဲ့ ရာဇ၀င်ကောင်းကင်
ဝိညာဉ်တေးသံခြံရံ
တော်လှန်သူတွေ ဆက်မွေးနေ ---။၊


ဒေါင်းနီ
၀၈-၀၁-၀၉

( ယုံကြည်ချက်ဖြင့် ကျဆုံးသွားသော သူရဲကောင်းရဲဘော်အပေါင်းအား လေးစားဦးညွှတ်လျှက်---။)

ဟစ်တိုင်ကဗျာမှ ကူးယူဖော်ပြသည်။