Thursday, December 25, 2008

(from http://chittemanawmyae.blogspot.com/2008/12/blog-post_25.html)


ဦးမှတ်ကြီး ကွယ်လွန်ခဲ့တဲ့အတွက် မိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိကြောင်းပါ...
(artist Daung Ni)


ပန်းချီဆရာကြီး ဦးနန်းဝေ

(Dec:၁၈ ၊ ၂၀၀၈၊) မှာကွယ်လွန်ခဲ့ပြီ ။
ဆရာဦးနန်းဝေဟာ(၁၉၆၃)ခုနှစ် ဗိုလ်နေ၀င်းရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦး အား

ဗုံးခွဲဖျက်ဆီးခဲ့သည်အထိသမဂ္ဂအဆောက်အဦးမှာနေထိုင်ပြီးသမဂ္ဂကို စောင့်ရှောက်လာသူ

ပန်းချီဆရာကြီးတဦးဖြစ်ပါသည်။

မြန်မာ့သမိုင်းခေတ်များကို တက္ကသိုလ်မှာနေထိုင်ပြီးအလုပ်လုပ်ရင်းဖြတ်သန်းခဲ့ပြီး ၊


တက္ကသိုလ်၊အင်းလျား ၊ကံကော်ရိပ်စတဲ့မြကျွန်းညိုပုံရိပ်မျာရေးဆွဲမှတ်တမ်းတင်သူအဖြစ်


ထင်ရှားပါတယ် ။ ရန်ကုန်တက္ကသိုလ်ပန်းချီအနုပညာအသင်းနဲ့အစဉ်တစိုက်လက်တွဲပြီး


ကျောင်းတွင်းပန်းချီအနုပညာလှုပ်ရှားမှုတွေမှာလက်တွဲပါဝင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်အိုမင်းလာခဲ့သလို ဆရာဟာလည်းတက္ကသိုလ်ရဲ့ပုံရိပ်တခုဖြစ်လာခဲ့ပါတယ်။


ရန်ကုန်တ္ကသိုလ်အကြောင်းပြောရင်၊သမဂ္ဂအကြောင်းပြောရင်မပါမဖြစ်
တဲ့သမိုင်းဝင်ပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ဆရာကွယ်လွန်သွားခဲ့ပါပြီ။

ဆရာသေသွားသော်လည်း
နာမည်မသေ၊ဆရာရဲ့တက္ကသိုလ်ပတ်ဝန်းကျင်ပုံရိပ်ပန်းချီကားများကအစဉ်ထင်ရှားကျော်
ကြားနေဆဲပင်ဖြစ်ပါသည် ။(from maharmay blog)


ပန်းချီဆရာကြီး ဦးနန်းဝေ ကွယ်လွန်ခဲ့တဲ့အတွက် မိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိကြောင်းပါ...
(artist Daung Ni)

Saturday, November 22, 2008

ရဲဘော်ဂုရုရဲ့ နာရေးဖိတ်ကြားစာ+ရဲဘော်ဂုရု၏ ဈာပနအခမ်းအနားတွင် ဝေငှသည့် ဂုဏ်ပြုလက်ကမ်းစာရွက်


"ရဲဘော်ဂုရုရဲ့ ---နာရေးဖိတ်ကြားစာ"
******************************************

"ရဲဘော်ဂုရု၏ ဈာပနအခမ်းအနားတွင် ဝေငှသည့် ဂုဏ်ပြုလက်ကမ်းစာရွက်"



ရဲဘော်ကြီး ဂုရု ... ကောင်းရာသုဂတိ လားပါစေ

အကြွေစောတဲ့ ပွင့်သစ်သို့



ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -

မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …

ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -

ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

မှတ်ချက် ။ ။ http://www.hinlinpyin.blogspot.com/ မှ ကူးယူ တင်ပြပါသည် ။

လက်ရှိတော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ရင်း ကြွေလွင့်သွားရရှာတဲ့
ရဲဘော်ကြီး ဂုရု ........ ကောင်းရာသုဂတိ လားပါစေ .......... ။
--------------------------------------------------------------------------------------------------

"အကြွေစောတဲ့ ပွင့်သစ်"ကိုထပ်ဆင့်ခံစားရင်း ---

ရဲဘော်ကြီးဂုရုကို ပိုမိုဝမ်းနည်း နှမျောတသ ဖြစ်ရပါပြီ-- ရဲဘော်ကြီးရေ---။

သင့်ရဲ့ --
ရဲဘော်ဒေါင်းနီ(Artist Daung Ni)

----------------------------------------------------------------------------------------------------------------------------------------
ဂုရု သို့ …

ဇော်မင်း (လူ့ဘောင်သစ်)


သူ့ကိုစတွေ့တော့ မျက်မှန်တပ်ထားသူမို့ ဒီလူကတော့ စာဂျပိုးဖြစ်မှာပဲလို့ ထင်မိပါတယ်။ နောက်တော့ ထင်တဲ့ အတိုင်းပါပဲ သူက ကဗျာဆရာဆိုတာ သိရပါတယ်။ ၁၉၉၁ နှစ်ဆန်းပိုင်းမှာ မာနယ်ပလောမှာ စတွေ့ခဲ့ကြပါတယ်။ သူတို့တဖွဲ့လုံးက ဘုရားသုံးဆူဘက်ကနေ ပြောင်းလာကြတာ။ ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မတော် တပ်ရင်း ၁ဝ၁ တပ်ခွဲ ၂ က။ အားလုံးက သူ့ကို ဂုရုလို့ ခေါ်ကြတော့ အစမှာ နာမည်အရင်းက ဘယ်သင်းမှန်း အမှတ်မထားနိုင်ခဲ့ပါဖူး။ ပွင့်သစ် (ကရိန်ကန်) ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ စာတွေရေးမှန်း သိလာခဲ့ပါတယ်။

၁၉၉၁ တနှစ်လုံးနီးပါး ကျနော်တို့အားလုံး ညောင်လေးပင်ခရိုင်မှာ ဒေသခံ ကေအန်ယူတပ်များ၊ ရွာခံပြောာက်ကျားများနဲ့အတူ လှုပ်ရှားခဲ့ကြပါတယ်။ သူနဲ့ကျနော် တူတာတခု ရှိပါတယ်။ ကဗျာနဲ့စာနဲ့ ပတ်သက်လို့ မဟုတ်ပါ။ ဘာလဲဆိုတော့ ချွေးထွက်သန်တာ တူလွန်းလို့ ဘေးလူတွေက စစ်ကြောင်းသွားရင် ရေနှစ်ဗူး ဆောင်ထားပါ့လားလို့ စကြပါတယ်။

နောက်တော့ တပ်ရင်းဖွဲ့စည်းပုံ အသစ်အရ ကျနော်တို့အားလုံး ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၂ ရဲ့ အဖွဲ့ဝင် ရဲဘော်များ ဖြစ်လာခဲ့ကြပါတယ်။ ကျနော်တို့တပ်ရင်းမှာ ဂုရုလိုပဲ ကဗျာဆရာ စာရေးဆရာတွေ အတော် လေး ရှိပါတယ်။ ကဗျာဆရာ ယောဟန်အောင်တို့၊ မောင်လွမ်းဏီတို့၊ အောင်နိုင်ဦး (ရုပ်ကြမ်း) ခေါ် အောင်မော်ဦးတို့၊ ထွန်းခင် (သို့) မွှေးကြိုင်တို့၊ ကိုဌေးအောင်တို့ စသဖြင့် ရှိကြပါတယ်။ နောက် အခြားရဲဘော်များလည်း သူတို့ သန်ရာ သန်ရာ ရေးသားကြတာတွေလည်း ရှိပါသေးတယ်။

နောက်ပိုင်းနှစ်များမှာတော့ တာဝန်ကြတဲ့နေရာတွေက ကွဲပြားသွားတဲ့အတွက် ဂုရုနဲ့ နှစ်အတန်ကြာ မတွေ့ဆုံ ဖြစ်ခဲ့ပါ။ နောက်ထပ် ဖွဲစည်းပုံအသစ်အရ ဂုရုဟာ ကျောင်းသားတပ်မတော် တပ်ရင်း ၈ မှာ ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူချင်းမတွေ့ဖြစ်ပေမယ့် သူရေးတဲ့ ကဗျာတွေ စာတွေကိုတော့ ဖတ်နေရတုန်းပါပဲ။ သူနဲ့ လူချင်းနောက်ဆုံး တွေ့ခဲ့ရတဲ့အချိန်က ၂ဝဝ၆ နိုဝင်ဘာလမှာဖြစ်ပါတယ်။

ဘလော့တွေ ရေးကြသားကြတဲ့ ဒီဖက်နှစ်များမှာတော့ ဂုရုကလည်း ဖိုးဇေဆိုတဲ့ ဘလော့ကို ဖန်တီးထားတဲ့ အတွက် သူ့လက်ရာ ကဗျာများကို မကြာမကြာ ဖတ်ရပါတယ်။

သူဆုံးပြီလို့ ကြားရတော့ စိတ်ထဲမှာ နှမြောမိသလို ဘဝသံသရာ ရထားကြီးလို တယောက်ဆင်း တယောက်တက် ပါလားလို့ ဝမ်းနည်းစိတ်လည်း ဝင်မိပါတယ်။ ဒါ့အပြင် ကျောင်းသားတပ်မတော် တည်ထောင်တာ အနှစ်နှစ်ဆယ် မြောက်တဲ့နှစ်မှာ ဆုံးပါးတာဖြစ်လို့ မှတ်မှတ်ရရ ဖြစ်လေခြင်းလို့ ခံစားချက်ပေါ်မိပါတယ်။ တချိန်တည်းမှာလည်း သည်ခရီးရှည်ကြီးအတွင်း ကျနော်တို့ တပ်ရင်း ၂၁၂ က ကျဆုံးခဲ့တဲ့ လက်တွဲဖော် ရဲဘော်များရဲ့ မျက်နှာတွေလည်း အစီအရီ ပြန်မြင်မိပါသေးတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ထားတဲ့ ဂုရုရဲ့အိမ်သူနဲ့ထပ်တူ ဝမ်းနည်းကြေကွဲ ရပါတယ်။

ကျောင်းသားတပ်မတော် တည်ထောင်တာ အနှစ်နှစ်ဆယ် ပြည့်တဲ့နှစ်မှာ ဂုရုနဲ့တကွ ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်များအတွက် ကျနော်တို့ သူတို့ကို အမြဲသတိရအောက်မေ့နေမယ် ဆိုတာပြော လိုပါတယ်။ ဂုရု အပါအဝင် ကျဆုံးလေပြီးသော ကျောင်းသားတပ်မတော်က ရဲဘော်အာဇာနည်များကို အလေးပြုပါတယ်။

We Will Always Remember You.

ဇော်မင်း (လူ့ဘောင်သစ်)
၂၁ ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်

(ရွက်မွန်ဘလော့ဂ် မှ ကူးယူဖော်ပြသည်)

Wednesday, November 19, 2008

ရှင်သန်ခြင်း ဝိညာဉ်



လူထု ရင်ဘတ်နဲ့ ဖတ်တဲ့

နိုင်ငံ့ အရေးတော်ပုံ

အတိတ် ကျောပြင်မှာ

ထင်ကျန် စွဲရစ်တာ

ဘာကြာသေးလို့ လဲ။


ဒါကြောင့်မို့ …..

ခွပ်ဒေါင်းအလံ

မောင်းပြန်သေနတ်

တောက်ခေါက် အော်ဟစ်

ရှစ်လ ရှစ်ရက် ရှစ်ဆယ်ရှစ်

တပ်မဟာနှစ်

ရင်းရှစ်

တပ်မဟာသုံး

စောထာကို တူးဖော်နှိုးထ

မာသေိ့ဒါ ကို အာဂုံဆောင်

ကမ္ဘာမကြေးတေးနဲ့ နှုတ်ဆက်

ပေးဆပ် အသက်သွင်းယူ။


အူးသူးထ

မယ်ပေါ်မူထ

သက်သာထ

သေ့လောထ

မာနယ်ပလော

သံလွင်

ဒီအေဘီစစ်ကြောင်း

မယ့်သဝေါပွဲ

ရင်းနှစ်ဆယ်ပွဲ

အထူးဒေသပွဲ

မယ်ညောခီးပွဲ

ခွေးအိပ်တောင်ပွဲ

သောင်ရင်းပွဲ

ကျန်သူတွေ ပျံသန်း

ခရီးရှည် ဆက်ဖောက်။


မယ့်ဆောက်

ဘန်ကောက်

ဒေါင်းဂွင်

ရင်း လေး

မနီလွိုင်း

ဒုက္ခသည် စခန်း စသဖြင့်။


တစစီရစ်နှောင်

တသွင်သွင်စီဆင်း

ကျွန်းပင်အောက် တောင်ယာတဲမှ

သြစတေလျား

အမေရိကန်

ဥရောပကမ်း ဝန်းရိုးဆီ။


နာရီတွေ စတေးပစ်ရင်း

သွေးမျက်ရည် ရေးခြစ်

အနှစ် နှစ်ဆယ်ဆိုပေမဲ့

ရင်း နှစ်ရာ့တစ်ဆယ်

ရင်း နှစ်တစ်လေး

အချစ် အဖြစ်သနစ်

ပူးဝင်ကပ်ညှစ်

မေ့ပြစ်မရ

ဖျောက်ဖျက်မရ မရ …. ။


ဘဝ စမှုတွေက

တခါ တခါ

ဒေါသ

ကြိတ်မှိတ် ကြေကွဲရ

တခါ တလေ

မျက်ရည်ကျ

နာကျည်းရ

တခါတရံ

ဖေးမ

အားဖြည့် တွဲကူရ

တခါ တကွေ့ 

အိမ်ပြန်တမ်းတ

အောက်မေ့ လွမ်းမောကြ

တကြိမ် တခါမက

သင်ပုန်းခြေရင်း ပြန်ပေါင်းကြ။


တကယ်တော့…..

တအိုးတည်းစား

တရေတည်း သောက်

ဝါးခုတ် တဲဆောက်

ကင်းစောင့် ခံတုတ်တူး

ကျားတက် ဆေးကု

မျှစ်ချိုး သစ်ထမ်း

ငှက်ထ ဝဲကုပ်

ငပိပုပ် ဆန်သုံးပိုင်းကျိုး

ချုပ်ရာ ဗလပွ ဝတ်ရုံခြုံ

ဒေါန ရင်ခုန်သံမှာ

ကျ သေ ပျောက်ကာ

ညာသိုနဲ့  ရန်သူကို

တော်လှန် စစ်ထိုးခဲ့ သူတွေပါ ….. ။


အချိန်တွေသာ ကျွမ်းကြာ ရင့်ခဲ့ပေမဲ့

စိတ်အာရုံ လမ်းထက်

တရိပ်ရိပ် ထင်ရစ်

ဘာတွေ ဖြစ်နေနေ

ရဲဘော် သူငယ်ချင်း ညီလေးရေ

မင်းတို့ကို မေ့ဖို့ မဖြစ်နိုင်ဘူး

မင်းမိဘထံ ပြန်ပါးခွင့် မရတဲ့

မင်းတို့  သွေးသမိုင်း

ဘဝဆက်တိုင်း

နေရာမလပ် စည်းမတား

မြင့်မြင့်မားမား လွှင့်ထူထားတယ် ။



ရဲဘော်ဒေါင်းနီ ( ရင်း-၂၁ဝ၊ စောထာ )

၁ဝ-၁၁-ဝ၈

နံနက် ၅းဝဝ နာရီ

( မ က ဒ တ - တမလွန်ရောက် စောထရဲဘော် အပေါင်းအား အလေးပြု ဂုဏ်ပြု ရည်စူးပါ၏။ )



အိမ်လွမ်းသူ said... "ရှင်သန်ခြင်း ဝိညာဉ်"

ကဗျာဖတ်ပြီး တော်တော်လေးခံစားရပါတယ်ရှင်..
Burmese Labor by artist Daung Ni

artist Daung Ni

artist Daung Ni

Tuesday, November 18, 2008

တမြေ့မြေ့ တမ်းတ ….. လွမ်း


အမေဆိုတဲ့ စကားလုံး
နှစ်ခြိုက်စွာ သုံးခွင့်မရ
တစစီပဲ့ကျ ပျက်သုန်းခဲ့တာ
ကြာခဲ့ပြီပ ….. ။

အမေနဲ့ မခြား
ခံစား စံထား အမေများစွာ
ငါ့ ရင်မှာ သိမ်းဆည်း ဦးချ
ကာလများစွာ ….. ။

သူတို့ အားလုံး
သင်တုန်းဓါးလို ထက်မြ
ယုံကြည်ချက် တောက်ပ
ရန်၊ ငါ ၊စည်း ပြတ်သားကြရဲ့ ။

အဲဒီ အမေတွေ
တယောက်ပြီး တယောက်
ရုတ်တရက်
ကွယ်လွင့်ပျောက်ကာ
ငါ့ကို စွန့်ခွာ ချန်ရစ်
အပြစ်မဲ့စွာ အဝေးထွက်သွားခဲ့ကြ ….. ။

နောက်ဆုံးချိန်ထိ
ငါ ... ဈာပန ပို့ခွင့် မရ
ငါ ... အလေး မပြုလိုက်ရ
ငါ ... အမျှဝေလို့  မရ
ဆို့နင့် ကြေကွဲမှုတွေသာ လွှမ်းခြုံရခဲ့ ။

အဆုံးမှာတော့ … အမေရေ
ရောက်ရာ ဘုံဘဝက
ကျနော်ရဲ့ တာဝန် မကျေမှုတွေကို
သွန်သင် ဆုံးမ
လမ်းညွှန် ပြနေစေချင်သေးတယ် ….. ။

ဒေါင်းနီ
၁၁-၁၁-ဝ၈
( အမေကဲ့သို့  ချစ်ခင် လေးစားရသော ရဲမေကြီး ဒေါ်နုနုအေး ကွယ်လွန်သွားခြင်း အတွက် တခုတ်တရ ….. )

Thursday, November 13, 2008


Sayargyi Hmine by artist Daung Ni

Monday, November 10, 2008

အမေဒေါ်နုနုအေးကွယ်လွန်သွားသည့်အပေါ် ၀မ်းနည်းကြေကွဲရပါကြောင်း


ပြည်သူဖက်က ပြတ်သားစွာရပ်တည်ခဲ့တဲ့ လေတပ်က ဒေါ်နုနုအေး ကွယ်လွန်ခြင်း
ဝမ်းနည်းကြေကွဲရပါကြောင်း


ဆရာမကြီးဒေါ်နုနုအေး လို့  အများခေါ်ကြတဲ့ လေတပ် မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်နုနုအေးဟာ
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် (ညနေ ၅ နာရီ ၅၀ မိနစ်)တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင်
ကွယ်လွန် အနိစ္စရောက်သွားပါတယ်။
အမေ ရုပ်ကလာပ်ကို ထိုင်းနိုင်ငံ မဲဆောက် တောရကျောင်းတွင် ထားရှိမည် ဖြစ်ပါတယ်။
အမေ ဒေါ်နုနုအေး ကွယ်လွန် အနိစ္စ ရောက်သွားတဲ့အပေါ်
မိသားစုဝင်များနှင့်အတူ၊
ထပ်တူထပ်မြတ်ဝမ်းနည်း စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။
ဆရာမကြီး(အမေဒေါ်နုနုအေး) ဟာ
၈၈၈၈လူထုလှုပ်ရှားမှုမှာ တပ်မတော်ထဲကနေ
ပြည်သူလူထုဖက်
ပြတ်ပြတ်သားသား
ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့
စစ်သည်ကောင်းတစ်ယောက်ပါ။

ဆရာမကြီးကောင်းရာသုဂတိလားပါစေ ။

"အမေ ကောင်းရာ သုဂတိ လားပါစေ"

ကြေကွဲဝမ်းနည်းစွာဖြင့်
artist ဒေါင်းနီ

Saturday, November 8, 2008


artist ဒေါင်းနီ

artist ဒေါင်းနီ

artist ဒေါင်းနီ

artist ဒေါင်းနီ

artist ဒေါင်းနီ

artist ဒေါင်းနီ
artist ဒေါင်းနီ
artist ဒေါင်းနီ
artist ဒေါင်းနီ

Wednesday, October 29, 2008

Never lost

artist ဒေါင်းနီ
"Never lost"

Mother of Hero

"Mother of Hero"

artist ဒေါင်းနီ

Born to be Fight"

"BORN TO BE FIGHT"

artist ဒေါင်းနီ

BLOODS OF ABSDF

"bloods of ABSDF"
artist ဒေါင်းနီ

Flying souls of revolution"

"Flying souls of Revolution"
artist ဒေါင်းနီ

History


"History" by artist ဒေါင်းနီ

Fight for Peace

"Fight for Peace" by artist ဒေါင်းနီ

Tuesday, October 21, 2008

မြန်မာ့ ပန်းချီကျော် ဝသုန် ကွယ်လွန် ရှာလေပြီ




















Image and video hosting by TinyPic

မြန်မာ့ နာမည်ကျော် ပန်းချီဆရာ ဝသုန် (အမည်ရင်းမှာ ဦးခင်လှ) အသက် (၆၁) နှစ်သည် ယနေ့ နံနက်က အဆုတ်တီဘီ ရောဂါဖြင့် ကန်တော်ကလေး သူ၏ နေအိမ်တွင် နံနက် ၇နာရီ ၁၅မိနစ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလများဆီတွင် ရန်ကုန်မြို့ ၃၈လမ်းရှိ မော်လမြိုင် ကျောင်းတိုက်တွင် ဖွဲ့စည်းသော ကာတွန်း နှင့် ပန်းချီ ပန်းပု သမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်၊

၁၉၆၄ ခုနှစ်မှ စတင်ကာ မဂ္ဂဇင်းများတွင် သရုပ်ဖော် ပန်းချီများ စတင် ရေးဆွဲခဲ့သူ ဖြစ်သည်၊ သူ၏ လက်ရာများအနက် ချစ်ဦးညို၏ "လင်္ကာဒီပချစ်သူ" ရုပ်ပြကာတွန်း သရုပ်ဖော်ဖြင့် တဟုန်ထိုး ကျော်ကြားလာခဲ့သည်။ ၁၉၇၀ ဝန်းကျင်တွင် သူသည် ရေဆေး၊ ဆီဆေး နှစ်မျိုးလုံးဖြင့် ရေးဆွဲလေ့ရှိကာ ရေဆေးဖြင့် ရေးဆွဲခြင်းကို ပိုမို အားသန်သူဖြစ်သည်။

Image and video hosting by TinyPic

၁၉၈၈ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့တော်နှင့် ၁၉၉၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယား တွင် ပန်းချီပြပွဲများ ကျင်းပခဲ့သေးသည်။

သူ့ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုအား အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ အောက်တိုဘာလ (၃) နေ့တွင် ဆုချီးမြှင့်ခဲ့သော (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ မျိုးဆက်သစ် လူငယ်ဒါရိုက်တာ ကြည်ဖြူသျှင် ဒုတိယအကြိမ် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့သော A Sketch of Wathone သည် ပန်းချီ ဝသုန်၏ အနုပညာ၊ သူ့ဘဝ နှင့် မိသားစု အကြောင်းကို ၂၀၀၅ခုနှစ် အကုန်တွင် လင်ဆေး မာရစ်ဆင် ဦးစီးကာ အခြားသော ဥရောပနှင့် သြစတေးလျားမှ သင်ထောက်ကူ ၈ဦးတို့နှင့် အတူ ရုပ်ရှင်ပညာသင် ကျောင်းသူ၊ ကျောင်းသား ၁၂ဦးတို့ ပန်းချီ ဝသုန်၏ အိမ်နှင့် ရန်ကုန်မြို့ ဟော်တယ် အချို့တွင် ရိုက်ကူး ခဲ့သော ဝသုန့် အကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်သည်။

Image and video hosting by TinyPic

ကြာသပတေးနေ့ ညနေ ၃နာရီတွင် ရေဝေးသုဿန်တွင် သဂြိုဟ်မည် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေးနှင့် သား၂ဦး သမီး၂ဦး ကျန်ရစ်ထားခဲ့သည်။

"အစားထိုးမရသော မြန်မာ ပန်းချီကျော် ဝသုန် ကောင်းရာသုဂတိ လားပါစေ ………"
Photo from Flickr

ပန်းချီဝသုန်ရဲ့ ၀တ္တုတို
ပန်းချီဆရာဝသုန် ကွယ်လွန်သွားပါပြီ.. ဆရာဝသုန့်ကို ဆုံးရှုံးတာ ပန်းချီဆရာတယောက်တင်မဟုတ်ဘူး ဝတ္ထုတိုရေးသူတယောက်ပါ ဆုံးရှုံးရတာလို့ ပြောကြပါတယ်.. အမှတ်တရအနေနဲ့ သူရေးတဲ့ ၀တ္တုတိုလေးတစ်ပုဒ် တင်ပေးလိုက်တယ်.. အရမ်းတော့တိုပေမယ့် ကျေနပ်ကြမယ်ထင်ပါတယ်..း)(from ma nan nyi)


"အတိုတကာ့ အတိုဆုံးမေတ္တာစာ"
ပန်းချီဝသုန်ရဲ့ ၀တ္တုတို

လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ...
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။
“လူလေး၊ အခု မင်းဘာလုပ်သလဲ”
“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”
“ လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”
အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ . .။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။
* * *

တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။
"လူဂလေး အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊ ခလေးလည်း ၄ရောက်ရပီ၊ အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး"

ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။

ဝသုန်
(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)