ပန်းချီဝသုန်ရဲ့ ၀တ္တုတိုပန်းချီဆရာဝသုန် ကွယ်လွန်သွားပါပြီ.. ဆရာဝသုန့်ကို ဆုံးရှုံးတာ ပန်းချီဆရာတယောက်တင်မဟုတ်ဘူး ဝတ္ထုတိုရေးသူတယောက်ပါ ဆုံးရှုံးရတာလို့ ပြောကြပါတယ်.. အမှတ်တရအနေနဲ့ သူရေးတဲ့ ၀တ္တုတိုလေးတစ်ပုဒ် တင်ပေးလိုက်တယ်.. အရမ်းတော့တိုပေမယ့် ကျေနပ်ကြမယ်ထင်ပါတယ်..း)(from ma nan nyi)"အတိုတကာ့ အတိုဆုံးမေတ္တာစာ"
ပန်းချီဝသုန်ရဲ့ ၀တ္တုတိုလွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ...
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။
“လူလေး၊ အခု မင်းဘာလုပ်သလဲ”
“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”
“ လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”
အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ . .။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။
* * *
တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။
"လူဂလေး အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊ ခလေးလည်း ၄ရောက်ရပီ၊ အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး"
ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။
ဝသုန်(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)