Tuesday, November 18, 2008

တမြေ့မြေ့ တမ်းတ ….. လွမ်း


အမေဆိုတဲ့ စကားလုံး
နှစ်ခြိုက်စွာ သုံးခွင့်မရ
တစစီပဲ့ကျ ပျက်သုန်းခဲ့တာ
ကြာခဲ့ပြီပ ….. ။

အမေနဲ့ မခြား
ခံစား စံထား အမေများစွာ
ငါ့ ရင်မှာ သိမ်းဆည်း ဦးချ
ကာလများစွာ ….. ။

သူတို့ အားလုံး
သင်တုန်းဓါးလို ထက်မြ
ယုံကြည်ချက် တောက်ပ
ရန်၊ ငါ ၊စည်း ပြတ်သားကြရဲ့ ။

အဲဒီ အမေတွေ
တယောက်ပြီး တယောက်
ရုတ်တရက်
ကွယ်လွင့်ပျောက်ကာ
ငါ့ကို စွန့်ခွာ ချန်ရစ်
အပြစ်မဲ့စွာ အဝေးထွက်သွားခဲ့ကြ ….. ။

နောက်ဆုံးချိန်ထိ
ငါ ... ဈာပန ပို့ခွင့် မရ
ငါ ... အလေး မပြုလိုက်ရ
ငါ ... အမျှဝေလို့  မရ
ဆို့နင့် ကြေကွဲမှုတွေသာ လွှမ်းခြုံရခဲ့ ။

အဆုံးမှာတော့ … အမေရေ
ရောက်ရာ ဘုံဘဝက
ကျနော်ရဲ့ တာဝန် မကျေမှုတွေကို
သွန်သင် ဆုံးမ
လမ်းညွှန် ပြနေစေချင်သေးတယ် ….. ။

ဒေါင်းနီ
၁၁-၁၁-ဝ၈
( အမေကဲ့သို့  ချစ်ခင် လေးစားရသော ရဲမေကြီး ဒေါ်နုနုအေး ကွယ်လွန်သွားခြင်း အတွက် တခုတ်တရ ….. )

1 comment:

ဒူကဘာ said...

ကိုယ့်အမေသေလို့ ကန်တော့ခွင့် မရတဲ့ အနှိုင်းမဲ့ ဆုံးရှုံးမှုမျိုး ကျနော်တို့လို ရောင်းရင်းတွေ ဘယ်လောက်များခဲ့ပြီလဲ ကိုဒေါင်း ......